ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

ပန်းတနော် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို မေလ ၂၁ ရက်နေ့မှစတင်၍ နံနက် ၈ နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် မေလ(၂၁)ရက်မှ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ ညနေ(၃) နာရီအတွင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် သက်ကြီးရွယ်အိုတွေကို  ဦးစားပေးထုတ်နှံပေးလျက်ရှိပြီး သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဇွန်လဆန်ပိုင်း ဘဏ်လုပ်ငန်းချိန်အတွင်း  လာရောက်ထုတ်ယူနိုင်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)