ကျောင်းကုန်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အနံ့မရသူအား ယမန်နေ့ညနေပိုင်းတွင် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး၊ ထိစပ်သူများအား ထပ်မံစစ်ဆေးရာ(၅)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနကသိရသည်။ အဆိုပါပိုးတွေ့ရှိသူသည် အသက် (၄၅)နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူ၏ အလုပ်သမားများအားထပ်မံစစ်ဆေးရာ (၅)ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် စုစုပေါင်း(၆)ဦး တွင် ကျား(၄)ဦး၊ မ(၂)ဦး ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်ထံက သိရသည်။
ကျောင်းကုန်းမြို့တွင် အောက်တိုဘာလ(၂၃)ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ(၁၇)ဦးရှိပြီး၊ အားလုံးဆေးရုံဆင်းခွင့်ရပြီးဖြစ်ကာ ကျန်းမာရေးကောင်းမွန်လျှက်ရှိသည်။ ယနေ့(၆)ဦးနှင့်ဆိုလျှင်(၂၃)ဦးရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း သိရ သည်။
ဝင်းကြိုင်(ပြန်/ဆက်)