သံတောင်ကြီးမြို့ ဇိုင်းနှစ်ခြင်းအသင်းတော်အမျိုးသမီးအသင်းမှ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ပြုလုပ်

သံတောင်ကြီး မေ ၂၈                                                                

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်အမျိုးသမီးများအသင်းမှ ဦးဆောင်၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အမျိုးသမီးများနှင့် ပတ်သက်သည့် ကျန်းမားရေးဆိုင်ရာများ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့် ကဏ္ဍများ အမျိုးသမီးများမှ သားသမီးများအား ပြုစုပျိုးထောင်ရမည့် နည်းလမ်းများစသည့် အကြောင်းအရာများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ(၁၅၅)ဦး၊ သင်တန်းနည်းပြ (၂)ဦးဖြင့် သင်တန်းကာလမှာ မေလ(၂၈)ရက် နေ့မှ(၃၁)ရက်နေ့ထိ(၄)ရက်တာ ဖွင့်လှစ်ပေးသွာမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ(ပြန်/ဆက်)