မြဝတီ နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးလျက်ရှိရာ ကရင်ပြည် နယ်၊ မြဝတီမြို့တွင် အိမ်ထောင်စု ၅၄၂၆၈ စုအား စတုတ္ထအကြိမ်အဖြစ် ထပ်မံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးလျက်ရှိရာတွင် မြဝတီမြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံသို့ ထပ်မံ လွှဲပြောင်းပေးခဲ့ပြီး ပြည်သူများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)