သံတောင်ကြီး နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန်၊ Online မှတဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲ အချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနော်လော်မူက Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစောအိုကလိုထူးက စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများ ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများကို ဆွေးနွေးခဲ့သည်။
အဆိုပါ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို Iprd Thandaung Gyi Page တွင် ထုတ်လွှင့်ပြသရန်အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)