သရက် မေ ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက စားသုံးဆီရောင်းချနေသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား စားသုံးသူပြည်သူများအား စားအုန်းဆီ(၁)ပိဿာ (၅၈၀၀ကျပ်-/)နှုန်းဖြင့် ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)