စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေကျပ် (၁၅၄၃)သိန်း ထောက်ပံ့ ပေးအပ်

ပင်လည်ဘူး  နိုဝင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးမှ အိမ်ထောင်စု တစ်စုလျင်‌ ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် ဆဌမ အကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းနောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်နှင့် သက်ဆိုင် ရာတာဝန်ရှိသူများက နယ်မြေ‌ဒေသများအလိုက်ခွဲဝေချထားသော ဌာနဆိုင်ရာ တာဝန်ရှိ သူများ ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ပင်လည်ဘူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး  အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း (၇၇၁၅)ခုတို့အတွက် ငွေကျပ် (၁၅၄၃)သိန်းတို့ကို ဆဌမအကြိမ် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ပြီး ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာများအပိုင်းလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ‌သွားရောက်ပြီးအိမ်တိုင် ရာရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မျိုးလွင်(ပင်လည်ဘူး)