ဖာပွန်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား နိုင်ငံ​တော်အစိုးရမှ​ထောက်ပံ့သည့် ​ထောက်ပံ့​ငွေများအားစတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်

ဖာပွန် နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ အိမ် ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား​နေသည့် ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေ​ရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ​ထောက်ပံ့​ငွေများအားစတုတ္ထအကြိမ်ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများထံပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ အိမ်ထောင်စုတစ်စု လျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ဆက်လက်ထောက်ပံ့ပေး ခဲ့သည်။

ဖာပွန်မြို့ရှိမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၇၂၃)စုအတွက် အိမ်ထောင်စု တစ်စုလျင် ငွေကျပ် (၂ဝဝဝဝ)နှုန်းဖြင့် စုစုပေါင်း ​ထောက်ပံ့ငွေကျပ် (၁၄၄၆၀၀၀၀)ကို ပြည်သူများ ထံလက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း၊ကျန်ရှိ နေသော ရပ်ကွက် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ဆက်လက် ထောက်ပံ့​ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖာပွန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု(၇၂၃)စု၊ ကမမောင်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၉၂၆)စု စုစုပေါင်းအိမ်ထောင်စု(၂၆၄၉)စုအတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၂၉၈၀၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)