လှိုင်းဘွဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သော မဲရုံသုံးပစ္စည်းများ စနစ်တကျ လာရောက်အပ်နှံ

လှိုင်းဘွဲ ၊ နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးခဲ့၍  မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ် ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံ လျက်ရှိကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အ‌ထွေထွေ ရွေးကောက်ပွဲတွင် ထုတ်ယူအသုံးပြုခဲ့သော မဲပုံး၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ ချိတ်ထိုး တံဆိပ်တုံး၊ အမှန်ခြစ် တံဆိပ်တုံး၊ချိတ်တောင့်၊ မှင်အုံးနှင့် အခြားမဲရုံသုံးပစ္စည်းများကို စနစ်တကျ လာရောက်အပ်နှံခဲ့ရာ  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မရုံသုံးပစ္စည်းများကို ပျောက်ဆုံးပျက်ဆီးမှု မရှိစေရေး အတွက် စနစ်တကျ  လက်ခံရယူလျက် ရှိကြောင်းသိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)