ကလေး နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်-၃၀၀ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံတွင် ဆေးကုသ မှုခံ ယူနေသည့် ကိုဗစ်-၁၉အတည်ပြုလူနာ (၆)ဦးတို့သည် ကျန်းမာကောင်းမွန်သောကြောင့် ဒီကနေ့ နံနက်ပိုင်းမှာ ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဲဒီအတည်ပြုလူနာ (၆)ဦးတို့မှာ ကလေးမြို့အောင်သစ္စာရပ်ကွက်နယ်မြေ(၃)နေ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁)ဦး၊ တပ်ဦးသီတာရပ်ကွက် နယ်မြေ (၂)နေအမျိုးသား(၂)ဦးနှင့် နယ်မြေ (၃)နေ အမျိုးသမီး(၂)ဦးတို့ဖြစ်ကြပြီး ခုတင်၃၀၀ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူ များကဆေးရုံဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီး နောက်လိုက်နာရမည့် အချက်များကို တိကျလိုက်နာစေရန် မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ယမန်နေ့မွန်းလွှဲပိုင်းက ကိုဗစ်အတည်ပြုလူနာ (၉)ဦး ထပ်တိုးလာတာကြောင့် အတည်ပြုလူနာစုစုပေါင်း (၁၁၇)ဦးအထိရှိလာကာ ၊(၇၁)ဦးတို့မှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့် အတည်ပြုလူနာ (၄၆)ဦးတို့ကို ကလေးမြို့ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီးတိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာ (အိတ်စွပ်) အထူးကြပ်မတ် ဆောင်တွင် ဆေးကုသမှုခံစေလျက်ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)