ယင်းမာပင် နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့(ယနေ့) နံနက် ၁၀နာရီခွဲ အချိန်ခန့်က ဝန်းကျင်ခန့်က သဲသောင်ပြင်တွင် ရပ်နားထားသော ဆီသည်ရေယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားနေကြောင်း မုံရွာခရိုင် မီးသတ်ဦးစီး ဌာနမှ သိရသည်။
အဆိုပါ ဆီသည်ရေယာဉ်မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ မုံရွာ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍မီးငြိမ်းသတ်ယာဉ်ဖြင့်မီးငြိမ်းသတ်နေကြောင်း ကနဦးသတင်း သိရ သည်။
ဝင်းဦး(ဇေယျာတိုင်း)