လိပ်သိုဒေသထွက် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ

လိပ်သို မေ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောင်သူများသည် နှစ်ရှည်ဥယျာဥ်ခြံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် အသက်မွေးပြုလုပ်လျက်ရှိပြီး ယခုလတွင် ခြံထွက်ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိကာ ဒူးရင်းစိုက်ပျိုးသူတောင်သူများ မိသားစု အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

ဒူးရင်းသီးများမှာ လိပ်သိုဒေသရှိ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ အများဆုံး ထွက်ရှိကြောင်း၊ ဒေသတွင်းရှိ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များ စတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ အသီးများ ကောင်းမွန်စွာ ရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသော အသီးသည် အရသာပိုမိုကောင်းမွန်ကြောင်း ဒူးရင်းစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

ဒူးရင်းသီးများကို နှစ်စဉ် ဝယ်ယူစားသုံးသူ များပြားလာခြင်း၊ ဈေးကွက်များ ကျယ်ပြန့်လာခြင်းတို့ကြောင့် ဒူးရင်းသီးအလုံး အကြီး/အသေးပေါ် မူတည်၍ (၇၀၀ဝိ/-) ကျပ်မှ (၁၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)