လိပ်သို မေ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့မှစ၍ ကျောင်းအပ်နှံလက်ခံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်က ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ အတန်းများအလိုက် စနစ်တကျ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ကြကြောင်း၊ ကျောင်းရှေ့တွင် ကျောင်းသားမိဘများ သိရှိနိုင်ရေးအတွက် ကျောင်းအပ်နှံရေး အစီအစဥ် ဆိုင်ရာ သိရှိရန် အချက်များကိုလည်း ပြသထားကြောင်း၊ ကျောင်းလာရောက်အပ်နှံသူ မိဘ အုပ်ထိန်း သူများ၊ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့” ဆောင်ပုဒ်နှင့် အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)