လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများ လှူဒါန်း

လှိုင်းဘွဲ       နိုဝင်ဘာ   ၁၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပတ်ကျောကျေးရွာ လူငယ်အဖွဲ့မှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန်နှင့်ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပတ်ကျော ကျေးရွာ လူငယ်အဖွဲ့(ဘန်ကောက်)မှ ထောက်ပံ့ငွေ(၁၀)သိန်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် နေ့လည်စာတို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)