ချောင်းသာ နိုဝင်ဘာ ၁၁
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် လက်ရှိဖွင့်လှစ်ထားသော အသွားအလာကန့်သတ်ထားရှိနေရာ (၂)ခု စောင့်ကြည့်ခံရသူများဖြင့် ပြည့်နေသည့်အတွက် ယမန်နေ့ညနေ ၃ နာရီက ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.မ.က(၈)RC-နှစ်ထပ် ကျောင်းဆောင်ကို အသွားအလာကန့်သတ်ထားရှိနေရာ အဖြစ် တိုးချဲ့ဖွင့်လှစ် လိုက်ကြကြောင်း သိရသည်။
ထို့သို့တို့ချဲ့ဖွင့်လှစ်ရာတွင် ချောင်းသာတိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ Volunteerများ၊ ချောင်းသာမြို့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ၊ ကမ်းခြေစည်းကမ်းထိန်းသိမ်ရေး အဖွဲ့ဝင်များ၊ ကျောင်းကော်မတီများ က ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)