ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ ငွေများပေးအပ်

ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၁၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲမဖြစ်စေရေးအတွက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင် ထန်းတပင် မြို့နယ်ရှိ သီရိဟေမာရပ်ကွက်နှင့် ဆိပ်ကြီး ရပ်ကွက်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် စနစ်တကျပေးအပ်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အနေဖြင့် ယခင်က ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစား သောက်ကုန် (၅)မျိုး၊ ဒုတိယအကြိမ် ငွေကြေး (၁၅၀၀၀)ကျပ်၊ တတိယအကြိမ် ငွေကြေး (၂၀၀၀၀)ကျပ် စတုတ္တအကြိမ် ငွေကြေး(၂၀၀၀၀)ကျပ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်ဖြင့် ထောက်ပံ့ငွေ ပေးခဲ့ပြီး ယခုအခါ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၅)အုပ်စုအတွက် အခြေခံအိမ်ထောင်စု စုစုပေါင်း   (၁၄၉၈၈)စုအား   တစ်အိမ်ထောင်လျှင်  ငွေကျပ် (၂၀၀၀၀) ကျပ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက  စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)