ကော့ကရိတ်မြို့ မြို့ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကော့ကရိတ် မေ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ​နေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စု​ပေါင်း၍ အ.ထ.က (​​ချောင်း​တောင်) ​ကျောင်းဝင်းသန့်ရှင်း​ရေး ပြုလုပ်ခြင်း ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ဓာတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ  ရှင်းလင်းသွယ်တန်းခြင်းနှင့်နေရပ်ပြန် ပြည်သူများ စား​သောက်​နေထိုင်နိုင်​ရေးအတွက် ပြန်လည်ဖွံ့ဖြိုး​ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် အမှတ် (၁) ရပ်ကွက်ရှိ အ.ထ.က(​ချောင်း​တောင်) ကျောင်းဝင်းတွင်  တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်​နေမှု၊  ခရိုင်/မြို့နယ်လျပ်စစ်ဓါတ်အား ဖြန့်ဖြူး​ရေးဌာနမှ မြို့တွင်းပျက်စီးနေသည့် Transformer ပြုပြင်ဆောင်ရွက်​နေမှု၊ အမှတ် (၄) ရပ်ကွက်၊ တောင်ပေါ်ကျောင်းတိုက်ရှိ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးနေသည့် ကျောင်းဆောင်အမိုးများ ပြုပြင်​ ဆောင်ရွက်နေမှုနှင့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ ယာယီနေရာချထားချထားနိုင်​ရေး ပြုပြင်ဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စုစာရင်းများ ကောက်ယူမှု၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံပေးမှု အခြေအနေတို့ကို ကြည့်ရှုအား​ပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)