တနင်္သာရီ မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းကို မေလ၂၀ရက်နေ့ နံနက်ပိုင်းမှစ၍ သင်တန်းနည်း ဦးသန့်ဇင်ဝင်းနှင့် ဦးညီညီထက်တို့က သင်တန်းသူ/သားများ (၂၂) ဦးတို့အား လက်ဝှေ့ပညာအားကစားနည်းများကို စာတွေ့ဘာသာရပ်များကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမထဲအတွင်း၌လည်းကောင်း /လက်တွေ့လေ့ကျင့်မှုများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမအတွင်း လေ့ကျင့်သင် ကြားပေးလျက်ရှိသည်။
ထိုသို့ မြို့နယ်အားကစားခန်းမအတွင်း လက်ဝှေ့ပညာသင်ကြားနေမှုများကို တနင်္သာရီမြို့နယ်၊ အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ သွာရောက်ကြည့်ရှု၍ သင်တန်းနည်းပြနှင့်သင်တန်းသားများအား အားပေးစကား ပြောကြားပေးကြောင်း သိရသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက သင်တန်းနည်းပြ (၂) ဦးအတွက် စားစရိတ်ထောက်ပံ့ငွေ (၂) သိန်းတိတိကို ထောက်ပံ့ပေးအပ်ပေးကြောင်း သိရသည်။ အဆိုပါကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းတွင် သင်တန်းသူ/သား(၂၂)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၄ခုနှစ်၊မေလ(၂၀မှ၃၀)ရက်နေ့အထိ (၁၁) ရက်ဖြစ်ကြောင်း သိရှိရသည်။
ထိန်ဝင်း (ပြန်/ဆက်)