ပန်းခင်းစီမံချက်အဆင့်(၃)အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲကို ကေ့ာကရိတ်မြို့၌ကျင်းပ

ကေ့ာကရိတ် မေ ၂၅

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို   ယမန်နေ့နံနက် (၁၀) နာရီချိန်က ဒေါနခန်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြောင်းသိရသည်။

ထိုနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံသို့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်လျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးကြီးကြပ်မှုဖြင့်  မြို့နယ်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ကော့ကရိတ်မြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများအား လိုအပ်သည့်အချက်အလက်များအားစိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ မှတ်ပုံတင်(လဲလှယ်)သူများအား ဒေါနခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)