ပဲခူး နိုဝင်ဘာ ၁၀
နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်မှစတင်ကာ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများရှိ ရွေးကောက်ပွဲ ကျင်းပရာမဲရုံများသို့ ထုတ်ပေးထားသော မဲရုံသုံးပစ္စည်းများကို ပဲခူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်အပ်နှံကြသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝှမ်းလုံးတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်း များလည်း မြို့နယ်များအလိုက်ရွေးချယ် နိုင်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ မဲရုံသုံးပစ္စည်းများကိုပြန်လည်အပ်နှံရာတွင် ပဲခူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရပ်ကွက်ကျေး ရွာကော်မရှင်အဖွဲ့ ခွဲများသို့ ထုတ်ပေးထားသောမဲရုံးသုံးပစ္စည်းများအား ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျလက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
သဲစု(ပြန်/ဆက်)