မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၂) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နတ်မောက်  နိုဝင်ဘာ   ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၂)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပခြင်းကိုယမန်နေ့ညနေ(၃)နာရီခွဲအချိန်ခန့်ကမြို့နယ်အထွေထွေေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း  ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရေးဝန်ထမ်း (၁၁၄)ဦး တို့အား မြို့နယ်အုပ်ချုပ်မှူးနှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တူညီဝတ်စုံများကို အသီးသီး ပေးအပ်ခဲ့ကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများကိုယ်စား စာရေး ဝန်ထမ်းများ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

လှဝင်း (နတ်မောက်)