မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု( ၅၃၈၂) စုတို့ အတွက် ထောက်ပံ့ငွေများပေးအပ်

ငဖဲ      နိုဝင်ဘာ        ၁၁

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှအိမ်ထောင်စုတစ်စုလျင် ငွေကျပ် (၂၀၀၀၀)နှုန်း ဖြင့်ပဥ္စမအကြိမ်ထောက်ပံငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ငဖဲမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေးအပ်ပွဲတွင်ငဖဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်းက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ရာတွင် တိကျမှန်ကန်မှု ရှိစေရန်နှင့်အလွဲသုံးစား မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ဌာနဆိုင်ရာအကြီးအကဲများက ရပ်/ကျေးအုပ်ချူပ်ရေးမှူး များနှင့် အတူဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။

ကိုဗစ်-၁၉ ကာလအတွင်းဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေးအတွက်အိမ်ထောင်စု တစ်စုလျင်ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပုံမှန် ဝင်ငွေမရှိသော ရပ်ကွက်/ကျေးရွာအုပ်စု ၃၃ အုပ်စုမှ အိမ်ထောင်စု (၅၃၈၂)စုတို့အတွက် ငွေကျပ် သိန်းပေါင်း( ၁၀၇၆) ကျော်ကိုဌာနဆိုင်ရာအကြီးအကဲများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန် ရှိသူများက သက်ဆိုင်ရာကျေးရွာများသို့ သွားရောက်ပြီး ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ငွေများကိုဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)