အင်းတော် မေ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး၊ Community Centre ခန်းမတွင် ၂၀၂၄ ခုနှစ်၊ ယနေ့ နံနက် (၁၀) နာရီအချိန်က အသက်မွေးဝမ်းကျောင်းလက်မှုပညာ (ချည်ထိုး/ပန်းထိုး)သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
မိမိတို့အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ လူငယ်များအနေဖြင့် မိမိတို့ ဝါသနာပါရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး၊ အသက်မွေး ဝမ်းကျောင်း လက်မှုပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်စေရေး၊ ဒေသအတွင်း လက်မှုလုပ်ငန်းများ ထွန်းကားလာပြီး ဒေသထွက်ကုန်များ ပေါ်ထွက်လာနိုင်စေရေး၊ မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့ အသက်မွေး ဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။
အဆိုပါ လက်မှုပညာ ( ချည်ထိုး/ပန်းထိုး ) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းနည်းပြများအား မြို့နယ်ဦးစီးအရာရှိက ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းထူးချွန်သူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ သင်တန်းအား ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ကျော်သီဟ