စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နယ်စပ် စစ်ဆေးရေးဂိတ်မှနေရပ်ပြန် ပြည်သူ(၂၄)ဦး ပြန်လည် ရောက်ရှိ

တမူး နိုဝင်ဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ အပြည်ပြည်ဆိုင်ရာဝင်ပေါက်ဖြစ်သည့် အမှတ်(၁)စစ်ဆေးရေး ဂိတ်မှ နိုဝင်ဘာ(၁၀)ရက်နေ့(ယမန်နေ့) ညနေ(၄:၄၅)နာရီအချိန်ခန့်ကအိန္ဒိယနိုင်ငံသို့ သွား ရောက်ရာမှ Covid-19 ရောဂါ ကာလအတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ (၂၄)ဦးဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနိုင်နိုင်ဝင်း၊တမူးမြို့နယ် လူဝင်မှု​ကြီး​ကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူး ဦးအောင်ကျော်စိုး၊မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ကျန်းမာရေးမှူး (၁) ဦးတင့်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများက နယ်စပ်စစ်ဆေးရေးဂိတ်တွင် လဝက လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခြင်း၊ ကိုယ်ရေးရာဇဝင်များ မှတ်တမ်းယူခြင်း၊ ကိုယ်အပူ ချိန်တိုင်း တာစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask)များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တမူးမြို့ ၊ပြည်သူ့အငှားအိမ်ရာ( Quarantine Centre) တွင် ကန့်သတ် စောင့်ကြည့်ရန် ပို့ဆောင်ခဲ့ပြီး၄င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများအား ရယူ၍ မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပို့ဆောင်စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် ပြည်သူ(၂၄)ဦးမှာ ယက္ကန်းလုပ်ငန်း လုပ်ကိုင်ရန်သွားရောက်သူများ ဖြစ်ပြီး မုံရွာမြို့နယ်မှ(၂၃)ဦး၊တန့်ဆည် မြို့နယ်မှ(၁)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)