ဟင်္သာတမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဟင်္သာတ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဥယျာဥ်မြောက် ရပ်ကွက်ရှိ အမှတ် ၁ အ​​ခြေခံပညာအထက်တန်းကျောင်းရှိ ဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(၁)ဟင်္သာတမှ Grade – 9 ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြးရေးမှူး ဆရာကြီး ဦးသက်ဆွေက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုက ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမူများ၊ ဟင်္သာတမြို့နယ်အတွင်းရှိကျောင်းများတွင် ကျောင်းအပ်နှံမှု အခြေအနေများ၊ စာသင်ဆောင်နှင့် အခန်းများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေး အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပညာရေးစေတနာရှင်များလှူဒါန်းသော ကျောင်းအပ်နှံရေး ထောက်ပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြေားကြားခဲ့ကာ အ.ထ.က(၁) Grade - 10 ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)