ရေဦး မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ရေဦး - ကလေး၀ လမ်းဆုံမှစတင်ကာ ရေဦး -တန့်ဆည်သွားလမ်းမှ မြို့မဈေးနှင့် ရုံးပေါင်းစုံ လမ်းတစ်လျှောက် ရွေ့လျားမော်တော်ယာဥ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ရေး၊ ခေတ်ပညာတတ်လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်ထက်မြတ်သည့်သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးတို့အတွက် ကျောင်နေ အရွယ်ကလေးများအားလုံး ကျောင်းအပ်နှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် ၂၀၂၄ ခုနှစ် မေ ၂၃ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ နီးစပ်ရာအခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံနိုင်ကြောင်းနှင့် (KG +12) အထိ နိုင်ငံတော်မှအခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း (ရေဦး)