ကော့သောင်းမြို့တွင် ရန်ကုန်မြို့မှ ဝင်ရောက်လာသည့်ကုန်တင်သင်္ဘောများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း ၊ နိုဝင်ဘာ ၁၁

ကော့သောင်းမြို့သို့ ရန်ကုန်မြို့မှ ဝင်ရောက်လာသည့် ဆီအုန်းကုမ္ပဏီပိုင် MV.-527  ကုန်တင်သသင်္ဘော ပေါ်မှ သသင်္ဘောသားလေးဦး ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာဖြစ်သည့် အနံ့ပျောက်သည့်ဖြစ်စဉ် များဖြစ်ပွားနေသဖြင့် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိကြောင်းသိရသည်။

အဆိုပါသသင်္ဘောသည် ကော့သောင်းမြို့တွင် ဆီအုန်းဆီကြမ်းများတင်ဆောင်ရန် နိုဝင်ဘာလ ၅ ရက်နေ့ က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၉ရက်နေ့တွင် ကော့သောင်းမြို့ သို့ရောက်ရှိပြီး  ကော့သောင်းမြို့၊ တော်ဝင်ဆိပ်ကမ်းတံတား ရှေ့ပင်လယ်ရေပြင်တွင် ကျောက်ချရပ်နားထားကာ သင်္ဘောပေါ်တွင် ကပ္ပတိန်အပါအဝင် သသင်္ဘောသား၂၀ ဦး လိုက်ပါခဲ့ပြီး အဆိုပါသသင်္ဘောသားများအနက် (၄)ဦးသည် အနံ့မရသဖြင့် ကော့သောင်းခရိုင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့မှ သသင်္ဘောပေါ်မှ ပဲ့ချိတ်လှေငယ်ဖြင့်သွားရောက်ခေါ်ယူကာ လူနာတင်ယာဉ်ဖြင့်   လူမှုဝန်ထမ်း ဦးစီးဌာန Quarantine Center သံသယလူနာဆောင်သို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိပြီး ကျန်သသင်္ဘောသားများကို ကိုဗစ်-၁၉ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး သင်္ဘောပေါ်တွင်သာ နေထိုင်စေကာ အသွားအလာကန့်  သတ်စောင့်ကြည့်ထားလျက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)