သံတောင်ကြီး မေ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၃ ရက်နေ့မှစတင်ကာ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျောင်းအပ်နှံခြင်း လုပ်ငန်းများဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကျောင်းအပ်နှံလက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများ KG တွင်အပ်နှံ၍ (၆)နှစ် အရွယ်ကလေးများကို ပထမ (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေး ငွေများပေးသွင်းရန်မလိုဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်နေ့မှဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၃)ရက်နေ့မှစတင်ကာ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
နော်နော်မူ