ကေ့ာကရိတ် မေ ၂၄
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိရာ အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသား ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးခဲ့သည်။
ကျောင်းအပ်နှံရေးနေ့ကို ၂၃.၅.၂၀၂၄ ရက်နေ့မှ ၃၁.၅.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး မူလတန်းကျောင်းသားကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံး ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၂)ချောင်းတိုကို အခမဲ့ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ကေ့ာကရိတ်မြို့နယ်တွင် စုစုပေါင်းအခြေခံပညာကျောင်းပေါင်း(၂၉၆) ကျောင်းရှိပြီး ဇွန်လ(၃)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ညာရေးမှူးရုံးမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)