မြန်အောင် မေ ၂၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့တွင် မြန်အောင်မြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ ကျောင်းအပ်နှံသူများဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်း ကျောင်းသားကျောင်းသူ ရှိရင်း (၃၆,၃၆၂) ဦးရှိရာ ယနေ့ကျောင်းအပ်နှံသူ (၂၀,၀၆၅)ဦးရှိပြီး ကျောင်းအပ်နှံမှု ရာခိုင်နှုန်း (၅၅.၁၈%)ရှိကြောင်း မြန်အောင်ခရိုင် ပညာရေးမှူးရုံးမှသိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂) ရက်နေ့အထိ သတ်မှတ်ထားပြီး "ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ကျောင်းများအား လှည့်လည်ကြည့်ရှူအား ပေးခဲ့ကြကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင်)