ပဲခူး နိုဝင်ဘာ ၁၀
ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ရုံးဝန်းအတွင်း၌ နိုဝင်ဘာ ၁၀ရက် နံနက် ၁၀နာရီက လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး နှစ်ထပ်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး ကရင်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာနေခြည်သက်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်နှင့် ဝန်ထမ်းများက ပဲခူးမြို့ပန်းခြံကုန်းပရဟိတကျောင်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ အနုမောဒနာတရားနာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်းတိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ အဆောက်အဦ အသစ်အတွင်း လှည့်လည်ကြည့်ရှုရာ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးက လိုက်လံရှင်းလင်းပြသသည်။
အဆိုပါအဆောက်အဦသစ်သည် အလျား(၇၅)ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၂၄)ပေ နှစ်ထပ်အာစီ အဆောက် အဦဖြစ်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း(၁၇၅.၂၆၀) ဖြင့် Square Link Engineering Goup ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)