ဟင်္သာတ နိုဝင်ဘာ ၁၀
ဧရာဝတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့ မှုမဖြစ် ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အဝင်/အထွက် ဂိတ်များတွင် မော်တော်ယာဉ်များကို ကြပ်မတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်း အဖွဲ့များက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ အသုံးပြုသွားလာကြသည့် ခရီးသွားပြည်သူများအား ခရီးသွား မှတ်တမ်းများ ရယူခြင်း၊ ခရီးသည်တင်မော် တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အသုံးပြုသွားလာကြသူများကို နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် ဆောင်ရွက်ခြင်း၊ အပူချိန်တိုင်းတာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ကြောင်းသိရှိ ရသည်။
အဆိုပါစစ်ဆေးခြင်းများကို ပူးပေါင်း အဖွဲ့များက ဟင်္သာတမြို့ အဝင်လမ်း ကြောင်း ၃ နေရာဖြစ်သော ဂိတ်အမှတ်(၁)၊ (RTC) ဝန်းရှေ့ ပုသိမ်လမ်း ကြောင်းဂိတ်နှင့် ဂိတ်အမှတ်(၂) လယ်တော် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရန်ကုန်လမ်းကြောင်း ဂိတ်တို့တွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)