ဆင်ပေါင်ဝဲမြို့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဌာနဆိုင်ရာများ စုပေါင်းကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် (၁၃၈၆) ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က အမှတ် (၁) ရပ်ကွက် ကမ္ဘာအေးကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်ပင်၌ ကျင်းပခဲ့သည်။

အဆိုပါ ညောင်ရေသွန်းလောင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆင်ပေါင်ဝဲမြို့ရှိ အမှတ် (၁) ရပ်ကွက် ကမ္ဘာအေးကျောင်းတိုက်အတွင်းရှိ ဗောဓိညောင်ပင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)