ကော့ကရိတ် မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဇွန်လ၃ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်စေရေးအတွက် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို စစ်ဗျူဟာမှူး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသုများ ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ဆိုင်းဘုတ်ကို စစ်ဗျူဟာမှူးနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆိုင်းဘုတ်အား စိုက်ထူ၍ အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)