ဒိုက်ဦး မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်၍ကျောင်းအပ်လက်ခံလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁၄) ကျောင်း၊ အ.ထ.က (ခွဲ) (၉) ကျောင်း၊ အ.လ.က (၁၉) ကျောင်း၊ အ.လ.က (ခွဲ) (၄၁) ကျောင်း၊ မူလွန် (၇ဂ)၊ အ.မ.က (၁၁) ကျောင်းနှင့် အ.မ.က (ခွဲ) ကျောင်း (၅) ကျောင်းစုစုပေါင်း (၁၇၇) ကျောင်းတို့မှ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)