ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်း၊ စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ

ဖျာပုံ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီ၊ ပုထိုးများတွင်ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ၊ ဘုရားဖူး လာရောက်သူများဖြင့် ယနေ့ညနေပိုင်း အချိန်တွင် စည်ကားလျက်ရှိသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ ပုထိုးများတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ဘုရားဖူး လာရောက်သူများ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိပြီး၊ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတွင် ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင် ဆက်ကပ်လှူဒါန်းခြင်းနှင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒိသာအလှူအဖြစ် မုန့်ဟင်းခါးများ အာဟာရဒါန စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)