ကျောင်းကုန်းမြို့၌ တောင်သူဦးကြီးများ မိုးစပါးအထွက်တိုး စိုက်ပျိုးရေးနည်းပညာ ဆွေးနွေးပွဲ ကျင်းပ

ကျောင်းကုန်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ နီကိုခန်းမ၌ တောင်သူဦးကြီးများ မိုးစပါးအထွက်တိုး စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက ဒီလိုစိုက်ပျိုးရေးနည်းပညာ ဆွေးနွေးပွဲတွေ များများလုပ်ပေးနိုင်လေ တောင်သူများအားလုံး အကျိုးရှိလေဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဝိုင်အဂရိုစိုက်ပျိုးရေးနည်းပညာ တစ်ဦးတည်းကိုယ်စားလှယ် ဦးအောင်လှိုင်ထွေး မှဂါရဝပြုမေတ္တာလက်ဆောင် ပေးအပ်ခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဥ်အရအောင် ပြည့်ဟန်ကုမ္ပဏီမှ တစ်ဦးတည်းကိုယ် စားလှယ် ဦးအောင်လှိုင်ထွေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး၊ ဝိုင်အဂရိုကုမ္ပဏီမှ စိုက်ပျိုးရေး နည်းပညာရှင် ဦးနေထိုက်က မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးနည်းပညာနှင့် အင်္ဂလန်နိုင်ငံထုတ် ပွင့်သီးတင်‌ဆေး "ဘိုလာ"၊ "ကက်တလစ်" အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများအား ရွှေလော့ကက်သီး(၁)ခု၊ ဘိုလာ 250 cc အလုံး(၃၀)၊ ကက်တလစ် 250 cc အလုံး(၃၀)၊ ဘိုင်းဘိုင်စပါးပေါင်းသတ်ဆေး (၁၅၀)ထုပ်၊ ဦးထုပ်အလုံး(၁၀၀)၊ တီရှပ်အ ထည်(၂၀၀)တို့ကို ဗလာမပါ မဲဖောက်ပေးခဲ့‌ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)