ပိုင်ကျုံမြို့ ရွှေတိဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပ

ပိုင်ကျုံ    မေ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ပရဝုဒ်အတွင်းရှိ ဗောဓိညောင်ပင်၌ ကဆုန်လပြည့်နေ့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အား ကျင်းပရာတွင် ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်‌ရေးမှူး ဦးကျော်ကျော်လွင်နှင့် ဌာနဆိုင်ရာများ၊ ဥပဿကာများ၊ ဂေါပကအဖွဲ့များက သွန်းလောင်းပူဇော်မည့် ညောင်ရေအိုးများဖြင့် စေတီတော်အား လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်ကြကာ စေတီတော်ပရဝုဒ်အတွင်း စိုက်ပျိုးထားသည့် ဗောဓိပင်အား ကဆုန်လ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ   စည်ကားသိုက်မြိုက်စွာ သွန်းလောင်းပူဇော်ခဲ့ကြခြင်းသည်။

အဆိုပါလမြတ်ကဆုန်၏ မြန်မာရိုးရာဆယ်နှစ်လရာသီပွဲတော်တစ်ခုဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲအား ပိုင်ကျုံမြို့တွင် နှစ်စဉ်အစဉ် အလာမပျက် ကျင်းပလျက်ရှိပြီး‌‌ ညောင်ရေသွန်း‌လောင်း ပူဇော်ပွဲတွင် ကြွရောက်ချီးမြှင့်ပူဇော်သည့် ပြည်သူများအား အာဟာရဒါန စတုဒီသာဖြင့် ဧည့်ကျွေးမွေးခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)