လက်ပံတန်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့) ယမန်နေ့ ညနေ ၄ နာရီက မအူကုန်းရပ်ကွက် လောကဥသျှောင်မြဘုန်းရောင် ဘုရားဝင်းအတွင်း၌ ကဆုန်ညောင်ရေသွန်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက ဆရာတော်အရှင်သူမြတ်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် မဟာဇေယျကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကေသရဦးဆောင်၍ ညောင်ရေအိုးများကိုင်ဆောင်ပြီး ဗောဓိညောင်ပင်ကို လက်ယာရစ်ပတ်လှည့်လည်ပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
အဆိုပါ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲများ၊ ရပ်ကွက်များမှဝတ်ရွတ်အသင်းများ တက်ရောက်ပူဇော်ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ်မောင်မယ်များ၊ ဒေသခံပြည်သူများသည် ညောင်ရေသွန်းလောင်းရန်လာရောက်ကြရာ စေတနာရှင်အလှူရှင်များက စတုဒိသာများ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)