သဲကုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်

သဲကုန်း မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  သဲကုန်းမြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ရွာသာယာကျေးရွာအုပ်စုနှင့် နွယ်ကောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၁၂)စုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ ဆင်မြီးဆွဲမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်တို့မှ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး (၁)စုစာ၊ အမိုးလန်နေအိမ် ၁၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၅၃၀၀၀၀/- အိမ်ထောင်စု ၁၂ စုမှ လူဦးရေ ၃၇ ဦးအတွက် ဆန်ရိက္ခာဖိုး ၇၇၇၀၀/- စုစုပေါင်း ၇၀၇၇၀၀/- အား  လေဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)