ကျိုက်လတ် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီ၌ အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
(၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဝတ္ထု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို“မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ် ဟူသမျှ ရှောင်ရှားကြ ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာ မြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်”၊ “လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့”၊ “မူးယစ်ကင်းကွာ ပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့”နှင့် “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကိုအလေးပေး၊ လူသားအားလုံး ကျန်းမာရေး” ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
လှိုင်မင်းအောင်