ပခုက္ကူ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နွေရာသီကာလအတွင်း သောက်ရေအိုးများ ရောင်းအားကောင်းလျက်ရှိကြောင်း မြို့ပေါ်အိုးရောင်းဝယ်သူများထံမှ သိရသည်။
“ကျွန်တော်တို့မိသားစုက မိဘဘိုးဘွားတွေလက်ထက်ကတည်းက အိုးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ကြပါတယ်၊ အိုးတွေကတော့ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းက အိုးလုပ်ငန်းရှင်းတွေကတစ်ဆင့် မှာယူပြီး ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်၊ အိုးတွေကတော့ မျိုးစုံရောင်းပါတယ်၊ ပခုက္ကူမြို့ဟာ အညာဒေသဖြစ်တာကြောင့် နွေရာသီကာလရောက်ပြီဆိုရင် သောက်ရေအိုးတွေ အများဆုံးရောင်းရပါတယ်၊ နွေရာသီသောက်ရေအိုးတစ်လုံးကို အရွယ်အစားအလိုက်ငွေကျပ် ၁၅၀၀ကနေ ၃၅၀၀အတွင်းရှိပြီး တစ်နေ့ကို ပျမ်းမျှငွေကျပ် နှစ်သိန်းဖိုးလောက် ရောင်းရပါတယ်”ဟု ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ခန်းတောဈေးတွင် အိုးရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးဖိုးချမ်းက ပြောသည်။
အိုးရောင်းဝယ်ရေးလုပ်ကိုင်ရာတွင် သောက်ရေအိုးအပြင် စပြေအိုး၊ ပရိတ်အိုး၊ အတာသင်္ကြန်အိုး၊ ထမ်းဝန်အိုး၊ စဉ့်အိုး၊ ပန်းအလှအိုး၊ ကျောက်ပြင်၊ ငရုတ်စုံမျိုးစုံ စသည့် အိုးများရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)