ရေဖြူ၌ ယခင်နှစ်ထက် ဒူးရင်းသီး အသီးတင်နည်းသော်လည်း ဈေးကောင်းရရှိ

ရေဖြူ  မေ ၂၁

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဒူးရင်းသီးများ ယခုနှစ်တွင်  နွေရာသီရက်ကြာရှည်မှုကြောင့် ဒူးရင်းသီး မနှစ်ကထက်အသီးတင်နှုန်း နည်းပါးသော်လည်း ဈေးကောင်းရရှိနေကြော်ငး တောင်သူများထံမှ သိရသည်။

ဒူရင်းသီးစပေါ်ချိန် ဧပြီလတွင်  စတင်ဈေးကွက်တင်ရောင်းခဲ့ရပြီး လက်ရှိအချိန်တွင် အလုံးကြီး တစ်လုံးကို ခြောက်ထောင်၊ ငါးထောင်ကျပ်စျေးရရှိကြောင်း ဒူးရင်းသီးအလတ်စားနှင့်အငယ်စားမှာ နှစ်ထောင်ကျပ်ကနေ တစ်ထောင်ကျပ်စျေးလောက် ဝယ်ယူရရှိကြောင်း ဒူးရင်းသီးရောင်းချသူတစ်ဦးက ပြောသည်။

မနှစ်က ဒူးရင်းသီးစျေးမှာ တစ်လုံးလျှင် ၁၀၀၀ မှ ၃၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး ယခင်နှစ်လောက် အထွက်နှုန်းမရရှိသော်လည်း ဈေးကောင်းရရှိလျက်ရှိသည်။  

ရေဖြူမြို့နယ် ဒေသအသီးသီးတွင် ဒူးရင်းသီးစိုက်ပျိုးကြပြီး ယခုနှစ်တွင်း ယိုးဒယားမျိုးကိုင်းဆက် ဒူးရင်းသီးလည်း စိုက်ပျိုးသူများကြောင်း၊ ပဲခူး၊ ရေး၊ မော်လမြိုင်အထိတင်ပို့ရကြောင်း၊ ရေဖြူမြို့နယ်ရှိစျေးများ၊ ရပ်ကွက်များနှင့် ရေး-ထားဝယ်ကားလမ်းမတစ်လျှောက်တွင် ဒူးရင်းသီးများ ရောင်းချလျက်ရှိသည့်အပြင် ကားဖြင့်လည်း လှည့်လည်ရောင်းချကြခြင်းများလည်း ရှိကြောင်း သိရသည်။

ခတ္တာ