တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်) စေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် စျေးရောင်းပွဲတော်ကို မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ နှစ်စဥ်အစဥ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆိုင်ခန်းများ စနစ်တကျတည်ဆောက်ခြင်း၊ လာရောက်အပန်းဖြေလည်ပတ်ကျမည့် ဒေသခံပြည်သူများနှင့် နယ်ဝေးဘုရားဖူးပြည်သူများအား အခက်အခဲမဖြစ်စေရန် ယာဥ်ရပ်နားစခန်းများ စိစစ်သတ်မှတ်ထားရှိခြင်း၊ ပြည်သူများ စိတ်အပန်းဖြေစေသည့် ယဟတ်၊ ချား၊ ပင်လယ်ဓားပြ စသည့်အရာများကိုလည်း အန္တရာယ်မဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ စားသောက်ဖွယ်ရာများရောင်းချမည့် နယ်လှည့်စျေးသည်များအား မီးဘေးအန္တရာယ်မပေါ့စစေရန်နှင့် မီးဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)