ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်း မြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့်       မေ      ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်ခန့်က သဘော့ငူ ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ တက်ရောက်ကြကာ တာဝန်ရှိသူများက   ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအားပေးအပ်ခဲ့ပြီး  သဘော့ငူကျေးရွာ အုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာရှိ ကွင်းအမှတ် ၁၈၇€၊ ဦးပိုင်အမှတ် ၃၃၊ တောင်သူ ဦးသက်ပိုင်စိုး၏ လယ်ဧက (၃)ဧကတွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအားကြဲပက်ခဲ့ကြသည်။

လယ်ယာမြေများတွင် ပိုက်ဆံလျှော် စိုက်ပျိုး၍ လယ်မြေအတွင်းသို့ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုး ကျေးဇူးများရရှိနိုင်ခြင်း၊   အပင်ကြီးထွားမှုမြန်သောအပင်မျိုးဖြစ်ပြီး ပေါင်းပေါက် ရောက်မှုကို ‌လျှော့နည်းစေခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း နှင့် ပိုက်ဆံလျှော်အား သက်တမ်း ၄၅ ရက်သားတွင် မြေအတွင်းသို့ ထည့်သွင်း မြေမြှုပ်ပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန် အထိရရှိနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)