မင်းလှ(အောက်) နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့တွင်ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲကြီးတည်ငြိမ် အေးချမ်းစွာကျင်းပပြီးစီး၍ ညနေ ၄ နာရီချိန်တွင်မဲများစတင်ရေတွက်နေလျက်ရှိကြောင်းသိရသည်။
မဲရုံများတွင် မဲရုံမှူး ဒုမဲရုံမှူးတို့က ညနေ ၄ နာရီတိတိချိန်တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာခဲ့ပြီး၊ ရပ်ကွက်ကျေးရွာများအတွင်းရှိ ရပ်မိရပ်ဖများ၊ စောင့်ကြည့်အဖွဲ့များရှေ့တွင် မဲပုံးလုံခြုံရေးကြိုးများဖြတ်တောက် ကာ ဆန္ဒမဲများကိုရေတွက်နေလျက်ရှိကြောင်းသိရသည်။
အလားတူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်တာဝန်ရှိသူများက မြို့နယ်ပြင်ပ(ပြည်တွင်း) နှင့် နိုင်ငံခြားမှ ပေးပို့ထားပြီးသောကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့များရှေ့မှောက်တွင်မဲပုံးလုံခြုံရေးကြိုးများဖြတ်တောက်ကာ ဆန္ဒမဲများကို စီစစ်ရေတွက်နေကြောင်းသိရသည်။
ပေါက်စ မင်းလှ