သရက်ခရိုင် မီးသတ်ဦးစီးဌာနမှ စက်တောင်ကျေးရွာအတွက်သောက်သုံးရေ ရေဂါလံ(၁၆၀၀) လှူဒါန်း

သရက် မေ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲရှိသည့် သရက်မြို့နယ် ပြရေအုပ်စု၊ စက်တောင်ကျေးရွာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်(၈)နာရီက စက်တောင်ကျေးရွာတွင် ရေဂါလံ(၁၆၀၀)အား လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းရာတွင် သရက်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်တောင်ကျေးရွာတွင် နေထိုင်သည့် အိမ်ခြေ(၉၅)လုံး၊ အိမ်ထောင်စု(၉၅)စု၊ လူဦးရေ(၄၂၃)ဦးအတွက် သောက်သုံးရေဂါလံ(၁၆၀၀)အား  လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)