တောင်တွင်းကြီးမြို့နယ် မိုးသက်လေပြင်း ကျရောက်မှုကြောင့် ထီးတော်အနည်းငယ်စောင်းသွားသည့် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)ဘုရားကြီး ထီးတော်ပြင်ဆင်ပြီးစီး

တောင်တွင်းကြီး မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဧပြီလ ၂၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကျရောက်မှုကြောင့် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်) စေတီတော်မြတ်ကြီး၏ ထီးတော်အနည်းငယ်စောင်းသွားခြင်းနှင့် အရန်စိန်ဖူးတော်ငယ်များ ကြွေကျခဲ့ရာ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ညောင်ရေသွန်းပွဲမတိုင်မီ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ အလုံးစုံပြင်ဆင်ပြီးစီးခဲ့ကြောင့် သိရသည်။

အဆိုပါ ပြင်ဆင်မှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ ပူပေါင်း၍ ပြင်ဆင်မှုများ မဟာမြိုင်သဲဖြူဆရာတော်ဘုရားကြီး နှင့်တပည့် ဒါယကာ၊ ဒါယိကာမတို့၏ မတည်အလှူငွေသိန်း(၃၀,၀၀,၀၀၀)ကျပ်တိတိနှင့် နယ်လှည့်ဘုရားဖူးပြည်သူများ၏ အလှူငွေများ၊ မြို့ပေါ်(၁၀)ရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ ထည့်ဝင်အလှူရှင်ငွေများ စုပေါင်း၍ အမြန်ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)