ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ

 

ရွှေကျင် နိုဝင်ဘာလ

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ၈ ရက် နံနက်၆ နာရီအချိန်မှစ၍ ရွှေှကျင်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသည့် မဲဆန္ဒရှင်များမှ မဲစတင်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများတွင် ဖွင့်လှစ်ထားသော မဲရုံများသို့ ဆန္ဒမဲလာပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက် များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် မဲရုံအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း လက်ဆေးခြင်း နှာခေါင်းစည်း တပ်ဆင်ခြင်းတို့ကို ဆန္ဒမဲလာပေးသူများမှ ဆောင်ရွက်စေပြီး တစ်ဦးနှင့်တစ်ဦး ()ပေကွာ၍ စနစ်တကျ ဆန္ဒမဲပေးလှျက်ရှိသည်။

ရွှေကျင်မြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၀)အုပ်စုအတွင်း မဲရုံ(၇၄)ရုံ ထားရှိပြီး မဲဆန္ဒရှင်(၇၇၁၃၇)ဦး ရှိရာမှ ကြိုတင်ဆန္ဒမဲပေးသူ(၁၂၈၈၇)ဦးက ကြိုတင်မဲပေးခဲ့ပြီး ယေန့ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ(၆၄၂၅၀)ဦးမှ အေးချမ်းစွာ ဆန္ဒမဲ ပေးလှျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)