ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေရှားပါးသည့် ​ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် အပူချိန်မြင့်မား၍ သောက်သုံးရေ ခက်ခဲလျက်ရှိသည့် ကျေးရွာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်ရေများ လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၉) နာရီက ကျုံဒါတ်ကျေးရွာအုပ်စုရှိ ကျုံဒါတ်ကျေးရွာ၊ သံဒိတ်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် ချောင်းသစ်ပေါက်ကျေးရွာများရှိ ပြည်သူများအား သောက်ရေဂါလံ (၂၄၀၀) အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နွေရာသီကာလ အပူချိန်မြင့်မားနေသည့်အတွက် ‌ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲများကို ကူညီဆောင်ရွက်သည့်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေရှားပါးသည့် ပြည်သူများ သောက်သုံးရေရရှိရေးအတွက် မီးသတ်ရေသယ်ယာဉ်ဖြင့်   ကျေးရွာအရောက် သွားရောက်လှူဒါန်း‌ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ကျေးရွာအုပ်စုများ၊ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် စာသင်တိုက်များသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း